Marketing plan ဘယ်လိုဆွဲကြမလဲ.........အပိုင်း(၁)
Marketing Plan ဘယ်လိုဆွဲကြမလဲ...... အပိုင်း (၁) မနှစ်က Strategy First Marketing Management တက်ရင်း Marketing Plan ပြိုင်တုန်းက ဆုရခဲ့တုန်းကရေးခဲ့တဲ့အတွေ့အကြုံလေး တင်ပြပေးချင်ပါတယ်. (Just for Sharing) ညီမဆွဲတဲ့ Format လေးပါ. 1. Executive Summary ဒါကတော့ သူများတွေက နောက်ဆုံးမှရေးကြပင်မယ့် ညီမကတော့ စာသင်တုန်းကဆရာက Executive Summary ကိုရေးဖို့နေရာချန်ပြီး နောက်ဆုံးရေးမယ့်စာတွေကို ပထမဆုံးမှာရေးခိုင်းပါတယ်. ဘယ်လိုဆိုဒီ Plan ကိုဖတ်လိုက်တာနဲ့ ဘယ်လောက် sale တက်မယ်. ဘာဖြစ်မယ်. ညာ ဖြစ်မယ်ဆိုတာကို အရင်ဖတ်ရရင် အောက်ကိုဆွဲထုတ်သွားတာ ပေါ်လွင်စေတယ်လို့ပြောဖူးပါတယ်. ဒီခေါင်းစဉ်အောက်မှာတော့ ဒီ Plan အတိုင်းဆက်သွားရင် Sales တက်နှုန်းတွေ၊ နောက်ငါးနှစ်နေရင် ဘာဖြစ်မယ်၊ သုံးနှစ်နေရင် ဘာဖြစ်မယ်ဆိုတာမျိုးတွေ ထည့်ရေးရပါတယ်. 2. Mission, Vision, Value. Mission ကတော့ ငါတို့အလုပ်က ဘာလုပ်နေတယ်. ဘာတွေဆက်လုပ်ဖို့ရှိတယ်ဆိုတာမျိုး ရေးပေးရပါမယ်. Vision ကတော့ ငါတို့နောက်ဘယ်နှစ်ကြာတဲ့အခါ ဘာဖြစ်လာရမယ်ဆိုတာမျိုးရေးပေးရပါမယ်. Value ကတော့ ငါတို့အလုပ်က ဘယ်အရာတွေကို သူများမတူဘဲအသားပေးထားတာမျိုး ရေးပေးရပါမ...