Marketing plan ဘယ်လိုဆွဲကြမလဲ.........အပိုင်း(၁)

Marketing Plan ဘယ်လိုဆွဲကြမလဲ...... အပိုင်း (၁)
မနှစ်က Strategy First Marketing Management တက်ရင်း Marketing Plan ပြိုင်တုန်းက ဆုရခဲ့တုန်းကရေးခဲ့တဲ့အတွေ့အကြုံလေး တင်ပြပေးချင်ပါတယ်. (Just for Sharing)

ညီမဆွဲတဲ့ Format လေးပါ.




1. Executive Summary
ဒါကတော့ သူများတွေက နောက်ဆုံးမှရေးကြပင်မယ့် ညီမကတော့ စာသင်တုန်းကဆရာက Executive Summary ကိုရေးဖို့နေရာချန်ပြီး နောက်ဆုံးရေးမယ့်စာတွေကို ပထမဆုံးမှာရေးခိုင်းပါတယ်. ဘယ်လိုဆိုဒီ Plan ကိုဖတ်လိုက်တာနဲ့ ဘယ်လောက် sale တက်မယ်. ဘာဖြစ်မယ်. ညာ ဖြစ်မယ်ဆိုတာကို အရင်ဖတ်ရရင် အောက်ကိုဆွဲထုတ်သွားတာ ပေါ်လွင်စေတယ်လို့ပြောဖူးပါတယ်.
ဒီခေါင်းစဉ်အောက်မှာတော့ ဒီ Plan အတိုင်းဆက်သွားရင် Sales တက်နှုန်းတွေ၊ နောက်ငါးနှစ်နေရင် ဘာဖြစ်မယ်၊ သုံးနှစ်နေရင် ဘာဖြစ်မယ်ဆိုတာမျိုးတွေ ထည့်ရေးရပါတယ်.

2. Mission, Vision, Value.
Mission ကတော့ ငါတို့အလုပ်က ဘာလုပ်နေတယ်. ဘာတွေဆက်လုပ်ဖို့ရှိတယ်ဆိုတာမျိုး ရေးပေးရပါမယ်.
Vision ကတော့ ငါတို့နောက်ဘယ်နှစ်ကြာတဲ့အခါ ဘာဖြစ်လာရမယ်ဆိုတာမျိုးရေးပေးရပါမယ်.
Value ကတော့ ငါတို့အလုပ်က ဘယ်အရာတွေကို သူများမတူဘဲအသားပေးထားတာမျိုး ရေးပေးရပါမယ်.

3. Company Profile
ဒီအောက်မှာတော့ ကိုယ့်အလုပ်က ဘယ်မှာရှိတယ်. ဘာတွေထုတ်တယ်. Objective တွေလည်း ထည့်ပေးဖို့လိုပါတယ်.

4. PESTEL
Political (နိုင်ငံရေး)
ဒါကတော့ လက်ရှိကိုယ့်အလုပ်လုပ်နေတဲ့နိုင်ငံ ကိုယ့်ပစ္စည်းရောင်းချချင်တဲ့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအကြောင်းကို ရေးပေးရမှာပါ.
(Company လိုင်စင်လျှောက်တာကနေ FDA ဘာညာ ဆိုင်ရာဆိုင်ရာအကုန်ရေးပေးရင်ပိုကောင်းပါတယ်.)

Economic (စီးပွားရေး)
ဒါကတော့ ကိုယ့်အလုပ်လုပ်မယ့် ကိုယ့်Product ရောင်းချမယ့်နိုင်ငံရဲ့ ပြည်ပပြည်တွင်း investment တွေအကြောင်းရေးပေးရမှာပါ.

Social (လူအဖွဲ့အစည်း)
ဒါကတော့ ကိုယ့်အလုပ်လုပ်မယ့် ကိုယ့်Product ရောင်းချမယ့်နိုင်ငံကလူတွေက Market Trends သူတို့ရဲ့ Lifestyle, behavior တွေနဲ့ ဘယ်နေရာမှာ ကြော်ငြာရင်တော့ဖြင့်ပိုပြီးအထောက်အပံဖြစ်တယ်ဆိုတာမျိုးတွေထည့်ရေးသင့်ပါတယ်.

Technology (နည်းပညာ)
ဒါကတော့ ကိုယ့်အလုပ်လုပ်မယ့် ကိုယ့်Product ရောင်းချမယ့်နိုင်ငံမှာ ဘယ်လိုနည်းပညာရေးအသုံးချနေတယ်. Brand အသစ်တွေဆို ဘယ်လိုရောင်းချမယ်ဆိုတဲ့ ဝင်ရောက်နိုင်မယ့်နည်းလမ်းတွေကို ရေးပေးရမှာပါ.

Legal (ဥပဒေ)
ဒါကတော့ မိတ်ကပ်ပစ္စည်းတွေရောင်းချမယ်ဆိုရင် MFDA တွေအကြောင်းလိုမျိုး၊ Product တစ်ခုတင်သွင်းလာမယ်ဆိုရင် MFDA ဖြတ်ရတဲ့ကြာချိန်မျိုးတွေရေးပေးသင့်ပါတယ်. ညီမရေးတုန်းကတော့ Product information ကို FDA နဲ့ညှိရေးတာမျိုးထည့်ရေးပေးပါတယ်.

5. Customer Profile
ဒါကတော့ အရေးအကြီးဆုံးပါပဲ. ကိုယ်က ဘယ်လိုလူမျိုးကိုရေးမယ် အာ့လူရဲ့ ဘယ်လို Pain Point ကြောင့် ဒီပစ္စည်းကိုရောင်းမှာ စသည်ဖြင့် ကိုယ်ရောင်းမယ့်လူအကြောင်းကောင်းကောင်းရေးပေးပါ. Customer Profile ကို တစ်ဦးတစ်ယောက် Sample မျိုးလေးတွေ create လုပ်ပြီး ကိုယ်ရောင်းချတဲ့သူကို စဉ်းစားတာပိုကောင်းပါတယ်.

5. Market Analysis
ဒီမှာတော့ ကိုယ် Product တွေနဲ့တူတဲ့ပစ္စည်းတွေဘယ်လိုရှိတယ်. ဘယ် brand တွေက ဘယ်နိုင်ငံတွေကနေ ဝင်ရောက်လာတာဖြစ်ပြီး Market Share ဘယ်လောက်ရှိနေတယ်ဆိုတာမျိုးတွေ ရေးပေးရမှာပါ. ဘယ်သူတွေကိုဖြင့်တိုက်ရိုက်ပြိုင်သင့်တယ် မျိုးတွေလည်းရေးပေးရမှာပါ.

6. Market Segment
ဒီမှာ နိုင်ငံအတွင်းလူဦးရေ အရေအတွက်ကတော့ဖြင့်ဘယ်လောက်ရှိတယ်. ကိုယ့် Product ရောင်းမှာတော့ဖြင့် ဘယ်အသက်အရွယ်လစာဘယ်လောက် လူဦးရေရဲ့ဘယ်လောက်အရေအတွက်ကိုရောင်းမှာ စသည်ဖြင့် Data တွေရှာပြီးရေးထားကောင်းပါတယ်.

7. Competitors
ဒါကတော့ နည်းနည်းရှုပ်ပါတယ်. ဒီအကြောင်းရှင်းပြတော့ ဆရာက
Coca Cola ရဲ့ ပြိုင်ဖတ်က ဘယ်သူလည်းမေးပြီး အားလုံးက Pepsi လို့ဖြေတော့ မဟုတ်ဘူး သောက်လို့ရတဲ့အရည်တိုင်းကတော့ Competitors လို့ပြောခဲ့ဖူးပါတယ်. Direct နဲ့ Indirect ပဲကွာတာလို့ပြောပါတယ်.
ဒါကြောင့် ဈေးကွက်ထဲမှာရှိတဲ့ နာမည်ရနေတဲ့ ကိုယ်နဲ့မျိုးတူပစ္စည်းမျိုးတွေကော၊ မျိုးတူမူကွဲပစ္စည်းတွေကောထည့်ရေးပေးသင့်ပါတယ်.

8. Collaborators
ဒါကတော့ ကိုယ်ရဲ့ပစ္စည်းကို ဘယ်မှာထုတ်မယ်. ဘယ်နိုင်ငံက supply လုပ်မယ်. ဘယ်အချိန်ကျရင်တော့ဖြင့် ကိုယ်တိုင်ထုတ်မယ်ဆိုတာမျိုးတွေရောင်းမယ်ဆိုတာမျိုးတွေရေးပေးသင့်ပါတယ်.
ကိုယ်ရောင်းမယ့်နိုင်ငံ၊ နေရာဒေသတွေကိုလည်းရေးပေးရမှာပါ.

ဒီနေ့တော့ ပထမပိုင်းကို ဒီလောက်ပဲရေးပါမယ်ရှင်. ညီမလည်းစာလုပ်စရာလေးတွေရှိလို့ အပိုင်း(၂) နဲ့ (၃) ကို နောက်နေ့ဆက်လက်တင်ပြပေးသွားပါမယ်ရှင်. ကျေးဇူးတင်ပါတယ်ရှင်.

Htike

Comments

Popular posts from this blog

Media ဆိုတာဘာလဲ?

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း