E-Commerce Business Model (B2B, B2C, B2G, C2B, C2C, G2B, G2C, G2G)


ဒီအကြောင်းကို မနှစ်ကသိထားတာနဲ့ ထပ်ပြီးသိထားတာလေးတွေကို ပြန်လည်ပေါင်းဖတ်ရေးသားလိုက်ပါတယ်။ မှားသွားရင် ပြင်ပေးပါ။✌️
B2B, B2C, B2G, C2B, C2C, G2B, G2C, G2G

B2B (Business to Business )
B2B ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကနေ နောက်တစ်ခုကို ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုရောင်းချတဲ့ လုပ်ငန်းကိုခေါ်တာဖြစ်ပါတယ်။ POS Serviceတို့လိုမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

B2C (Business to Customer )
B2C ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကနေ စားသုံးသူထံကို တိုက်ရိုက်ရောင်းချ၊ service ပေးတဲ့ လုပ်ငန်းကိုခေါ်တာဖြစ်ပါတယ်။ City Mart တို့လိုမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

B2G (Business to Government )
B2G ဆိုတာကတော့ နိုင်ငံအစိုးရပိုင်လုပ်ငန်းတွေအတွက် ဝန်ဆောင်မှုပေးတာ၊ ကုန်ပစ္စည်းရောင်းချပေးတဲ့ လုပ်ငန်းကိုခေါ်တာဖြစ်ပါတယ်။

C2B (Consumer to Business )
C2B ဆိုတာကတော့ သုံးစွဲသူတို့က သူတို့လိုချင်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေအတွက် ကြားခံ Bussinessတစ်ခုကို သုံးစွဲတာကိုခေါ်တာဖြစ်ပါတယ်။

C2C ( Customer to Customer )
C2C ဆိုတာကတော့ Customer အချင်းချင်း ပစ္စည်းရှိတဲ့သူက ကြားခံ App, website တစ်ခုခုကိုသုံးပြီး ရောင်းတာဝယ်တာကိုခေါ်တာဖြစ်ပါတယ်။ One Kyat app တို့လိုမှာ C2Cလုပ်လို့ရပါတယ်။

G2B (Government to Business )
G2B ဆိုတာကတော့ နိုင်ငံပိုင်အစိုးရလုပ်ငန်းတွေရဲ့ အဆောက်အအုံတွေ၊ လမ်းတံတားတွေ တည်ဆောက်တဲ့အခါမှာ ကြားခံ business တစ်ခုခု ငှားရမ်းလုပ်ကိုင်စေတဲ့ လုပ်ငန်းကိုခေါ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တင်ဒါခေါ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

G2C (Government to Citizen)
G2C ဆိုတာကတော့ နိုင်ငံအစိုးရက ပြည်သူတွေလိုအပ်တဲ့အရာတွေကို စီမံကိန်များချမှတ်ပြီး တိုက်ရိုက်လုပ်ပေးတဲ့လုပ်ငန်းကို ခေါ်တာဖြစ်ပါတယ်။ စိုက်ပျိုးရေးဘဏ်၊ မွေးမြူရေးဘဏ်တွေနဲ့ တောင်သူလယ်သမားတွေကို ချေးငွေထုတ်ပေးတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။

G2G (Government to Government )
G2G ဆိုတာကတော့ နိုင်ငံအစိုးရနဲ့ တစ်ဖက်နိုင်ငံကို ညှိနှိုင်းဆောင်ရွက်ပေးရတဲ့ လုပ်ငန်းတွေကိုခေါ်တာဖြစ်ပါတယ်။

#Htike

Comments

Popular posts from this blog

Media ဆိုတာဘာလဲ?

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း