Marketing Plan ဘယ်လိုဆွဲကြမလဲ...... အပိုင်း (၃)

Marketing Plan ဘယ်လိုဆွဲကြမလဲ...... အပိုင်း (၃)


မနှစ်က Strategy First Marketing Management တက်ရင်း Marketing Plan ပြိုင်တုန်းက ဆုရခဲ့တုနကရေးခဲ့တဲ့အတွေ့အကြုံလေး တင်ပြပေးချင်ပါတယ်.

*ကျောင်းသားအချင်းချင်း လေ့လာရအဆင်ပြေအောင် သိသမျှပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်.

(Just for Sharing)

Sustainability & CSR
- ဒီနေရာမှာ ကိုယ့်လုပ်ငန်းရဲ့ ဘယ်လောက် % ကိုလှူတာပဲဖြစ်ဖြစ်၊ အစိုးရအလုပ်တွေ၊ ပြည်သူလူထုကိုအကျိုးပြုစေတဲ့အရာတွေမှာ ပါဝင်ပေးသွားမယ်ဆိုတာမျိုးလေးတွေထည့်ပေးသင့်ပါတယ်.

Control (Milestones & KPIs)
Financial KPIs
- Financial KPIs ဖြစ်တဲ့အတွက် သေချာပေါက် ကိန်းဂဏန်းတွေနဲ့ဇယားတွေထည့်ပေးဖို့လိုပါတယ်. အရင်နှစ်တုန်းဘယ်လောက်ရောင်းရတယ်. ဒီနှစ်ဘယ်နှစ်ဘယ်လတွေက ဘယ်လောက်တွေရောင်းရတာတွေကိုထည့်ပေးရပါမယ်. ဒီနေရာမှာ အတိအကျထည့်ရမယ်မဆိုလိုဘူးဖြစ်နိုင်တာ ဒါမှမဟုတ် အဖြစ်နိုင်ဆုံးကိန်းဂဏန်းတွေဖန်တီးပြီးထည့်ဖို့လိုပါတယ်.
* သတိထားရမှာဒီနေမှာ ဂဏန်းတွေတွက်ပြီး မြတ်လာတဲ့ % တစ်ခု၊ မျှော်လင့်ထားတဲ့ % တစ်ခုက အပေါ်က Executive Summary မှာ ဒီ Plan အတိုင်းသွားရင် ဘယ်လိုမြတ်နိုင်တယ်၊ ဘယ်လောက်ထိမျှော်လင့်လို့ရတယ်ဆိုတဲ့ ကိုယ်ထည့်ထားတဲ့ % နဲ့တူရပါမယ်.

Customer KPIs
- ဒါကလေ % ပြလို့ရပါတယ်. ဘယ်လိုတွက်ရလဲဆိုရင်တော့ ကိုယ့်ဆီကဝယ်သွားတဲ့သူတွေ Customer တွေကို စိတ်ကျေနပ်မှုပေါ်မူတည်ပြီး တွက်ချက်လို့ရပါတယ်.
ဥပမာ YKKO ဆိုင်မှာဆို သူတို့ရဲ့စားသုံးသူတွေကို Review လေးတွေပြန်ကောက်တာလေးတွေ တွေ့ဖူးကြတယ်ဟုတ်. အာ့ကနေ့တစ်ဆင့် Customer KPIs တွေကိုတွက်လို့ရပါတယ်.

တစ်ခုလောက်တွက်ပြရရင်
တစ်နှစ်မှာ စားသုံးသူတွေကို Poor, Good, Excellent ဆိုပြီး Feedback ကောက်ထားတယ်ပဲဆိုပါတော့.
လူတစ်ရာမှာ Poor လို့ဖြေထားတာ ၃၃ယောက်ရှိတယ်၊ Good လို့ဖြေထားတာ ၂၂ယောက်ရှိတယ်၊ Excellent လို့ဖြေထားတာ ၄၅ ယောက်ရှိတယ်ပဲဆိုပါတော့

Poor - 33/100 * 100 = 33 % တွက်ပြီး Customer KPIs တွက်လို့ရပါတယ်.

Operational KPIs
- ဒါကတော့ ကိုယ်ကပစ္စည်းထုတ်တယ်ပဲဆိုပါတော့၊ ဒါပင်မယ့် စက်ရုံမှာထုတ်တဲ့ပစ္စည်းတိုင်းက ၁၀၀ ရာခိုင်နှုန်းအကောင်းထွက်မလာနိုင်ပါဘူး. ဥပမာ စက်ယိုးယွင်းတာကြောင့်ဖြစ်ဖြစ်၊ သယ်ယူပို့ဆောင်ရေးကြောင့်ဖြစ်ဖြစ် အမျိုးမျိုးကြောင့် ပျက်စီးတာမျိုးတွေရှိလာနိုင်ပါတယ်. ဒါကြောင့်မလို့ KPIs တွက်မယ်ဆိုရင် ကိုယ့်လုပ်ငန်းမှာပျမ်းမျှအားဖြင့်ပစ္စည်းထုတ်ရင် ၁၀၀ ခုထုတ်ရင် ၉၅ ခုအကောင်းထုတ်လာတယ်ဆိုရင် Operational KPIs ကို ၉၅ % စသည်ဖြင့်ပြပေးလို့ရပါတယ်.

HR/Innovation KPIs
- ဒါကတော့ ဝန်ထမ်းတွေကို ဘယ်လိုတိုင်းတာထားလဲ သူတို့ရဲ့ Work done တွေစသည်ဖြင့်ပေါ့.  Finger print, Clock it စသည်ဖြင့် တိုင်းတာထားတာမျိုး၊ ရောင်းအားတွေ၊ Customer Satisfaction တွေရဲ့ Employee KPIs တွေကိုတွက်လို့ရပါတယ်.
- ဝန်ထမ်းတွေဘယ်လောက် အလုပ်ထွက်တယ်၊ အလုပ်ဝင်တယ်ဆိုတာကနေလည်း HR KPIs တွက်လို့ရပါတယ်.
- နောက်ပြီး ကိုယ့်လုပ်ငန်းဘက်ကနေလည်း ဝန်ထမ်းတွေအတွက် ဘာတွေပြန်လုပ်ပေးတယ်ဆိုတာမျိုးလည်းထည့်လို့ရပါတယ်.

*HR/Innovation KPIs အပိုင်း ထိုက်အနေနဲ့သိပ်မသိသေးတာလည်းပါတာမို့၊ အနည်းငယ်အမှားအယွင်းပါသွားရင် တောင်းပန်ပါတယ်.

Budget
- ထိုက်သိထားရသလောက်တော့ MKT plan မှာ Budget ပြရင် % လောက်နဲ့ပဲ ပြကြတယ်လို့ဖတ်ဖူးပါတယ်. ဘာလို့ MKT plan က Strategy သီးသန့်ပဲဖြစ်တာကြောင့် ငါတို့ဒီနှစ်မှာတော့ ရောင်းအားရဲ့ဘယ်လောက် % ကို Marketing Budget အနေနဲ့သုံးမယ်၊ ဘယ်လောက် % ကို CSR တွေအတွက်သုံးမယ်၊ ဝန်ထမ်းတွေအတွက်သုံးမယ် စသည်ဖြင့် % နဲ့ပြပေးလို့ရပါတယ်. တစ်နှစ်တည်းပြတာမျိုးမဟုတ်ဘဲ ကိုယ့်လုပ်ငန်းအတွက်သေချာစဉ်းစားပေးပြီး ၃နှစ်စာလောက်ပြပေးသင့်ပါတယ်.

Future Plans
- ဒါကတော့ နောက်ငါးနှစ်မှာ ကိုယ့်လုပ်ငန်းကို ဘယ်လိုတိုးချဲ့မယ်၊ ဘာဖြစ်လာအောင်လုပ်မယ်၊ ပြီးရင်တော့ တစ်ချို့ပစ္စည်းတွေက ကိုယ့်လုပ်ငန်း Supplier ဆီကနေ ဝယ်နေရတာမလို့ ဝယ်စရာမလိုအောင် ကိုယ်တိုင်စိုက်တာမျိုး၊ ကိုယ်တိုင်ထုတ်နိုင်အောင် လုပ်တာမျိုးတွေထည့်ရေးပေးသင့်ပါတယ်.

Conclusion
- အနှစ်ချုပ်အနေနဲ့ဆိုရင်တော့ အပေါ်မှာရေးခဲ့သလို Executive Summary လိုမျိုးရေးပေးသင့်ပါတယ်. ပြီးရင်တော့ ဘယ်လို Promise တွေပေးပြီး ဘာတွေတာဝန်ယူတယ်ဆိုတာမျိုး slogan လေးတွေနဲ့ပြပေးသင့်ပါတယ်.

Marketing Plan ဆွဲနည်း ပြီးပါပြီရှင်.
အားလုံးအဆင်ပြေကြပါစေ.

အပိုင်း (၁) ကိုဖတ်ချင်တယ်ဆိုရင်တော့
https://htike1998.blogspot.com/2020/03/marketing-plan.html

အပိုင်း (၂) ကိုဖတ်ချင်တယ်ဆိုရင်တော့
https://htike1998.blogspot.com/2020/05/marketing-plan.html
မှာ ဖတ်ရှုနိုင်ပါတယ်ရှင်.

Comments

Popular posts from this blog

Media ဆိုတာဘာလဲ?

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း