ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

 


👉 ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

(ကိုယ်ကြုံရသလောက် ပြောပြတာပါ)

အလုပ်လုပ်ဖို့ဘယ်လိုလာရလဲ?
ထိုင်းမှာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး နှစ်မျိုးရှိပါတယ်. White Collar & Blue Collar ပါ.
White Collar ဆိုတာက ဘွဲ့ရ အသက်မွေးကြောင်းတစ်ခုခုနဲ့ လုံလောက်တဲ့ Experience ရှိပြီး ရုံးအလုပ်လုပ်ရတဲ့ အလုပ်မျိုးကိုခေါ်တာပါ. လစာအေနနဲ့ ၁၈၀၀၀ လောက်ကနေစရနိုင်ပါတယ် (Depend on you).
Blue Collar ဆိုတာက စက်ရုံ အလုပ်ရုံအလုပ်တွေကိုခေါ်တာပါ.

👉White Collar နဲ့လာဖို့ဘာလိုလဲ?
- ဘွဲ့ ဒါမှမဟုတ် Diploma
- တကယ်လုပ်တတ်တယ်, လုပ်နိုင်တယ်လို့ထင်တဲ့ Experenice ရှိပြီး အလုပ်အကိုင် (Position)
- English Communication Skill
- Thai Language (မတတ်လည်း အလုပ်ရနိုင်)
- သည်းခံနိုင်စိတ်
- ကြံ့ခိုင်တဲ့စိတ်
- အလုပ်ရမှဖြစ်မယ်ဆိုတဲ့စိတ်
- ဘယ်သူမှအားမကိုးလိုစိတ်

👉Visa
Visa က အရင်ဆုံးအလုပ်ရှာဖို့ TR visa လုပ်ပါ. အလုပ်ရမှ အလုပ်က Long stay visa တစ်ခုခုပေးသလို ညှိနှိုင်းရတာတွေလည်း ရှိနိုင်ပါတယ်.
TR visa (Tourist Visa - 2 months + 1 month extend) ဘယ်လိုလျှောက်ရလဲ?
သံရုံးသွား (ကိုယ်ဟာကိုယ်လျှောက်ရင် ဒါပင်မယ့် agency အပ်ရင် ၅ သောင်းပဲကုန်တယ်, ၃ရက်ဆိုရတယ်, နောက်ပြီး approve ရဖို့သေချာတယ်)
- USD $40
- Show Money (Bank Statement) - 20,000 Baht , Bank Holder Original Book
- Passport
(extend လုပ်ရင်လုပ်ရတာတွေရှိပါတယ်, လေ့လာကြည့်ပါ)

👉ထိုင်းမှာနေစရိတ်
တစ်လ ၃၅၀၀ လောက်ဆို ကောင်းကောင်းနေလို့ရတယ်. ဒီ gp တွေမှာ ရှာလို့ရတယ် (Scam တွေလည်းရှိနိုင်ပါတယ်, သေချာရှာပါ)
- https://lnkd.in/grycsGPX
- https://lnkd.in/gp3T6FfE
(short term stay အရင်နေကြည့်ပါ, အလုပ်ရမှ ထပ်စဉ်းစားပါ)

👉လာဖို့အကုန်အဆင်ပြေပြီဆို
Bangkok Immigration ကို TR Visa နဲ့ဖြတ်ဖို့
- Air Ticket
- Air Ticket (Return Booking)
- Show Money 20000 Baht (အရွက်)
- နေမယ့်လိပ်စာ Document
- သပ်သပ်ရပ်ရပ်ဝတ်စားပါ.
- မေးသမျှေသချာဖြေပါ.
အာ့တွေလိုပါတယ်. (စစ်ချင်စစ်ပါတယ် မစစ်ရင်မစစ်ပါဘူး)
ရောက်ရင်အလုပ်စရှာလို့ရပါပြီ.

👉အလုပ်ရှာမယ်ဆို
- LinkedIn
- https://th.jobsdb.com/th
- https://lnkd.in/gqGARWP9
- https://www.jobbkk.com
အာ့လိုနေရာတွေမှာ ရှာလို့ရပါတယ်.

👉Interview ဖြေရင်ဘာတွေဖြေရလဲဆို
- ဘာလို့ ထိုင်းရောက်လာတာလဲ
- ဘာလို့ ထိုင်းကိုရွေးတာလဲ
- ဘာလုပ်တတ်လဲ
- ဘာလုပ်ပေးနိုင်လဲ
အများဆုံးမေးပါတယ် (ကျန်တာကေတာ့ ကိုယ့် Industry နဲ့ဆိုင်တာမေးပါတယ်)
*မြန်မာတွေအတွက်ဆို စစရောက်ချင်းအလုပ်အများကြီးရွေးလို့မရနိုင်ဘူး (ကံနဲ့လည်းဆိုင်ပါတယ်)
Professional နဲ့ ရပ်တည်နိုင်ဖို့ Survive လုပ်နိုင်ဖို့အရင်စဉ်းစားပါ. (Just my opinion)
- CV ပြင်ဖို့လိုအပ်တာရှိရင် ရှည်လို့မရေးတော့ဘူး. လာမေးပါ မရေးပေးပင်မယ့် ဖတ်ပေးပြောပြပေးပါမယ်

👉လမ်းပန်းဆက်သွယ်ရေး
- Bus, BTS, MRT ရှိပါတယ်. ဈေးကမကြီးပါဘူး

👉A letter to you
အလုပ်မရသေးလို့စိတ်မညစ်ပါနဲ့. လုပ်သာဆက်လုပ်နေပါ. နေရာတစ်ခုခုက ကိုယ့်အတွက်ရှိပါတယ်. စိတ်ပျော်အောင်နေ. စိတ်ကအားလုံးကို ဖြစ်နိုင်တယ်. Professtional ကိုခေါင်းစဉ် အပျောက်မခံပါနဲ့. Fighting and Good Luck!
hashtagBangkokJobForMyanmar

Comments

Popular posts from this blog

Media ဆိုတာဘာလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း