Market Research အကြောင်း တစ်စေ့တစောင်း


ကျောင်းprojectအတွက် စာတွေလိုက်ဖတ်ရင်း ရေးထားတာပါ။ မှားတာပါသွားရင် ပြင်ပေးစေလိုပါတယ်။
Market Research
Market Research ကို ဘယ်ချိန်မှာလုပ်သင့်လဲ။ ဒါကတော့ရှင်းပါတယ်။ ကိုယ့်ကပစ္စည်းအသစ်ထုတ်ချင်တယ်၊ ကိုယ်ထုတ်တဲ့ပစ္စည်းမျိုးနဲ့ ဆင်တူတဲ့အမျိုးအစားကွဲတွေ ဈေးကွက်ထဲမှာရှိနေတဲ့ အချိန်မျိုးမှာ စားသုံးသူတွေအနေနဲ့ ဘယ်လိုပစ္စည်းမျိုးတွေကို ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ဝယ်ယူအသုံးပြုနေတယ်၊ ပြိုင်ဖက်ကုမ္မဏီတွေ စားသုံးသူတွေကို ဘယ်လိုလွှမ်းမိုးထားတယ်ဆိုတာ သိချင်တဲ့အခါမျိုးတွေမှာ Market Research လုပ်ရပါတယ်။

Market Research လုပ်တဲ့နေရာမှာလည်း အဆင့်ဆင့်လုပ်ကိုင်ရတာတွေရှိပါတယ်။
(1) Define problem and research objective
(2) Develop the research plan
(3) Collect the information
(4) Analyze the information
(5) Presenting the finding

(1) Define problem and research objective
ကိုယ့်ပစ္စည်းရဲ့ ပြသာနာကိုရှာပါ။ ရောင်းအားကျနေတာလား၊ ကိုယ်ထုတ်လိုက်တဲ့ပစ္စည်းနဲ့ စားသုံးသူတွေ အကြိုက်မတွေ့တာလား စသည်ဖြင့် ပြသာနာတွေရှိတတ်ကြပါတယ်။ ဒီလိုပြသာနာတွေကို ဖြေရှင်းနိုင်ဖို့ ဥပမာ ကိုယ်ထုတ်လိုက်တဲ့သကြားလုံးက စာသုံးသူအကြိုက်မတွေ့တာဖြစ်နေတယ်ဆိုပါတော့ ဒါဆို စာသုံးသူတွေက ဘာအရသာကြိုက်တတ်တာလဲ၊ ဘယ်ဈေးနဲ့ဝယ်ချင်တာလဲ၊ ကြာကြာငုံရတာကြိုက်တာလား၊ ဝါးစားရတာကြိုက်တာလား စတဲ့မေးခွန်းတွေကို objective ချသင့်ပါတယ်။ ဒီထက်ပိုတဲ့ ပြသာနာကိုဖြေရှင်းနိုင်မယ့်ထင်တဲ့ မေးခွန်းတွေကိုထည့်ပေးလို့ရပါတယ်။

(2)Develop the research plan
Research plan လုပ်တဲ့အခါမှာတော့ Secondary research နဲ့ Primary research နည်းလမ်း(၂)မျိုးနဲ့လုပ်လို့ရပါတယ်။
Secondary research မှာကိုပဲ data type(၂)မျိုးထပ်ခွဲထားပါသေးတယ်။
Internal information ဒါကတော့ ကိုယ်အရင်ရောင်းထားဖူးတဲ့ sale record တွေ၊ customer recordတွေကနေ ပြန်လည်ရှာဖွေပြီး စားသုံးသူတွေ ဘယ်မြို့နယ်မှာနေထိုင်တယ်၊ ဘယ်သူတွေက ဘယ်လောက်ဖိုးဝယ်တယ်၊ ဘယ်ချိန်မှာ ဝယ်တယ်ဆိုတာသိနိုင်ပါတယ်။
External information ဒါကတော့ googleနဲ့ တစ်ခြား cannelတွေမှာ တင်ထားတဲ့ ကိုယ့်ပြသာနာနဲ့သက်ဆိုင်တဲ့ dataတွေကို စုဆောင်းပြီး စဉ်းစားနိုင်ပါတယ်။

Primary research ကတော့ အလုပ်လည်းများသလို ငွေကုန်လည်းများနိုင်ပါတယ်။ ခြုံငုံပြီးပြောရရင်တော့ survey လုပ်တာတွေနဲ့ ကိုယ့်targetထားတဲ့ နေရာတွေထိသွားပြီး Fieldဆင်း interviewလုပ်တာတွေ ပါဝင်ပါတယ်။

(3) Collect the information
How - စားသုံးသူတွေ ဘယ်လိုဝယ်တာလဲ။
Where - ဘယ်နေရာမှာဝယ်ကြလဲ၊ ဘယ်မှာနေထိုင်တဲ့သူတွေ ဝယ်ကြတာလဲ။
Why - ဘယ်လို လိုအပ်ချက်တွေကြောင့် ဝယ်ကြတာလဲ။
What - စားသုံးသူတွေလိုချင်တာက ဘာလဲ။
Who - စားသုံးသူတွေက ဘယ်သူတွေလဲ။
When - ဘယ်အချိန်မှာ ဒီပစ္စည်းကို ဝယ်ကြတာလဲ။
စသည်ဖြင့် စားသုံးသူတွေရဲ့ informationကို စုနိုင်သမျှစုရပါမယ်။

(4) Analyze the information
ရလာတဲ့data တွေထဲကမှ မျိုးတူတာတွေစုထားပါ။
ကိုယ်က သကြားလုံးထုတ်မယ်ဆို သကြားလုံးဈေးကွက်ကို main category ထားပါ။ နောက်ပြီး category ထဲကမှ ချိုချဉ်အပျော့ကြိုက်တဲ့သူက ဘယ်နှယောက်၊ ချိုချဉ်အမာကြိုက်တဲ့သူက ဘယ်နှယောက် စသည်ဖြင့်ခွဲ့ပါ။ ဒီထဲကနေမှ ချိုချဉ်အပျော့ကို ဘာအရသာကြိုက်တာလဲ။ ချိုချဉ်အမာကို ဘာအရသာကြိုက်တာလဲ စသည်ဖြင့်ထပ်ခွဲပါ။ ဒီလိုရလာတဲ့ dataတွေထဲ အဆင့်အဆင့်ခွဲသွားရင်း ခွဲသွားရင်းနဲ့ စာသုံးသူတို့အကြိုက်အများဆုံးအရသာ၊ အနေအထားတွေကို ရရှိလာနိုင်ပါတယ်။

(5) Presenting the finding
ပြီးရင်တော့ ကိုယ့်ရဲ့ပြိုင်ဖတ်တွေရဲ့ ဈေးကွက်တွေ၊ အရည်အသွေးတွေကို သေချာလေ့လာပါ။ သူတို့တွေရဲ့ differentiation, brand positioning တွေကို သေချာလေ့လာပြီး positioning mapထဲကို သက်ဆိုင်ရာနေရာတွေချထားလိုက်ပါ၊၊

ဒါပြီးရင်တော့ပုံမှာပြထားတဲ့အတိုင်း ကိုယ့်ကကြည့်ရမှာက ဘယ်နေရာလွတ်လဲ အဲ့လွတ်တဲ့နေရာကကော consumerတွေကဘယ်လိုရှိလဲ ပြိုင်ဘက်brandတွေကကော ဘယ်လိုရှိလဲကိုပါစဉ်းစားရမှာဖြစ်ပါတယ်၊၊

Comments

Popular posts from this blog

Media ဆိုတာဘာလဲ?

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း