ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း
ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း
မြန်မာမှာဆို တော်တော်များများ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧" ဆိုတာ အလွယ်ပြောရရင် တစ်ဗူးဝယ်တစ်ဗူးရတာမျိုးပေါ့၊
ဥပမာ ပစ္စည်းတစ်ခုက 𝟓𝟎𝟎𝟎 တန်တယ်ထားပါတော့၊
တစ်ဗူးယူလာပြီး ကောင်တာမှာရှင်းရင် "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏" ဆိုတစ်ဗူးထပ်ရမယ်၊ 𝟓𝟎𝟎𝟎 ပဲရှင်းရမယ်၊
ဒါမှမဟုတ် (𝟐) ဗူးယူလာပြီး တစ်ဗူးဖိုးပဲရှင်းရတာပေါ့။
ဒါပင်မယ့် ထိုင်းမှာ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏" တွက်တဲ့ပုံစံက တစ်ချို့နေရာတွေမှာ ထူးဆန်းတယ်၊
- ကိုယ်က တစ်ဗူးပဲယူလာပြီး ကောင်တာမှာ ငွေလာရှင်းတယ်ဆို အရောင်းဝန်ထမ်းက တစ်ဗူးဖိုးအတွက် အပြည့်ပေးရတဲ့အပြင် "𝐆𝐞𝐭 𝟏" ထုတ်မပေးတတ်ကြပါဘူး၊ (ဒါက ဘာသာစကားနားမလည်လို့လည်း မဟုတ်ပါဘူး၊ တော်တော်များများက စာကပ်ထားတာမလို့ ထပ်ပြောချင်မှပြောတာပါ)
- သူတို့အနေနဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏" ကို အကျိုးဝင်ချင်တယ် လိုချင်တယ်ဆို 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ဘက်က တစ်ခါတည်း တစ်ဗူးဝယ်တစ်ဗူးလက်ဆောင်ကို တစ်ခါတည်း (𝟐) ဗူးယူလာပေးရပါတယ်၊ ဒါမှငွေရှင်းတဲ့အခါ သူတို့က တစ်ဗူးဖိုးနဲ့ပဲတွက်ပေးပြီး "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧" ရရှိမှာဖြစ်ပါတယ်။
ခပ်ရှင်းရှင်းပြောရမယ်ဆို
ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏" က
- တစ်ဗူးပဲယူလာပြီးငွေရှင်းရင် တစ်ဗူးစာပေးရမယ်၊ နောက်တစ်ဗူးထပ်မရ
- (𝟐)ဗူးယူလာပြီးငွေရှင်းမှ တစ်ဗူးစာပဲရှင်းရပြီး (𝟐)ဗူးရမှာဖြစ်ပါတယ်။
အထူးသဖြင့်သူတို့ရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐒𝐲𝐬𝐭𝐞𝐦" က ဆိုင်မှာသွားဝယ်တာထက် "𝐎𝐧𝐥𝐢𝐧𝐞" မှာ ဝယ်ရတဲ့အချိန်မျိုးမှာ ပိုပြီးသိသာပါတယ်။
"𝐖𝐞𝐛𝐬𝐢𝐭𝐞" ကနေ ကိုယ်က "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧" ကို (𝟓) ဗူးဝယ်တယ်ဆို နောက်ထပ် (𝟓) ဗူးမရပါဘူး ကျသင့်ငွေအနေနဲ့လည်း (𝟑) ဗူးစာဖိုးရှင်းရပါတယ်။
ဘာလို့ (𝟑) ဗူးစာဖိုးရှင်းရလည်းဆို
- (𝟒) ဗူးကို 𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 နဲ့ တွက်ပြီး - (𝟐) ဗူးစာရှင်းခိုင်းတာဖြစ်ပြီး
- ကျန် (𝟏) ဗူး သူက - (𝟏) ဗူးစာအနေနဲ့ပဲတွက်သွားတာဖြစ်ပါတယ်။
- ဝယ်သူဘက်ကကြည့်မယ်ဆို (𝟏) ဗူးစာနာသွားပါတယ်။ ဒီနေရာမှာ သူ (𝟔)ဗူးနှိပ်ပြီး ဝယ်ရင်လည်း ဝယ်သူက ပစ္စည်း (𝟔) ဗူးကိုရမှာဖြစ်ပြီး (𝟑) ဗူးစာဖိုးပဲရှင်းရမှာဖြစ်ပါတယ်။
ဒါမျိုးက ထိုင်းနိုင်ငံရဲ့နာမည်ကြီး 𝐎𝐧𝐥𝐢𝐧𝐞 စျေးဝယ် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေဖြစ်တဲ့ "𝐖𝐚𝐭𝐬𝐨𝐧𝐬, 𝐄𝐕𝐄𝐀𝐍𝐃𝐁𝐎𝐘, ..." တို့လိုနေရာမျိုးတွေမှာ ဒီ 𝐒𝐲𝐬𝐭𝐞𝐦 ကိုသုံးကြပါတယ်။
ဒါ့အပြင် ထိုင်းရဲ့ 𝐓𝐢𝐤 𝐓𝐨𝐤 𝐒𝐡𝐨𝐩 က "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏" တွေ့ရတတ်တဲ့နောက်ထပ် 𝐒𝐲𝐬𝐭𝐞𝐦 တွေလည်းရှိပါတယ်။
ဒါက "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏" ဆိုပြီး ကိုယ်ကစွတ်နှိပ်ပြီး စွတ်ဝယ်လိုက်ရင် ခံရနိုင်တဲ့အကွက်တွေရှိပါတယ်။ တစ်ချို့ဆိုင်တွေကဆို ကိုယ်က 𝐆𝐚𝐫𝐢𝐧𝐞𝐫 𝐑𝐨𝐥𝐥 𝐨𝐧 တစ်ဗူးဝယ်လိုက်တယ်ပဲဆိုပါဆို "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏" ဆိုပြီး နောက်ထပ် ပစ္စည်းတူ 𝐑𝐨𝐥𝐥 𝐨𝐧 မပေးပါဘူး သူတို့ဆိုင်က တစ်ခြားပစ္စည်းတွေနဲ့တွဲပေးတတ်ပါတယ်။
ဒီ 𝐒𝐲𝐬𝐭𝐞𝐦 ကတော့ မြန်မာက တစ်ချို့နေရာတွေလည်းတွေ့နိုင်သလို ထိုင်းက 𝐋𝐚𝐳𝐚𝐝𝐚 တို့, 𝐓𝐢𝐤 𝐓𝐨𝐤 တို့မှာတော့ တော်တော်များများတွေ့နိုင်ပါတယ်။
ဟုတ်ကဲ့ပါ၊ ထိုင်းမှာစျေးဝယ်မယ်ဆို သူတို့ရဲ့ "𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲" ထဲဝင်မသွားဘဲ တကယ်တန်တဲ့ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 တွေရရှိနိုင်ကြပါစေ။
𝟐𝟎.𝟏𝟐.𝟐𝟒
𝐇𝐭𝐢𝐤𝐞
Comments
Post a Comment