Media ဆိုတာဘာလဲ?
Media ဆိုတာဘာလဲ? ဒီကာလကြီးမှာ စိတ်ဓာတ်မကျအောင်ဘာလုပ်သင့်လဲဆိုရင်တော့ လူတွေနဲ့စကားများများပြောပြီး စာဖတ်တာက အကောင်းဆုံးပါပဲ. အဓိကကတော့ တစ်ယောက်မနေသင့်တဲ့အချိန်ကာလတစ်ခုပါ. Wiki နဲ့ website တစ်ချို့မှာ စာလေးတွေလိုက်ဖတ်ရင်း နားလည်သလိုလေး ပြန်ရေးထားတာပါရှင်. အရင်ကတော့ Media ဆိုတာကို "ပေးချင်တဲ့သူရဲ့ Message ကို ရောက်ချင်တဲ့သူထံပို့တဲ့ ကြားခံတစ်ခုလို့" လို့သင်ခဲ့ဖူးတယ်. ဒါပင်မယ့် Media က ထိုက်ထင်ခဲ့သိခဲ့တာတွေထက် ပိုပြီးလေးနက်နေခဲ့တယ်. Wiki မှာရေးထားတာ အဓိပ္ပာယ်ဖွင့်ဆိုချက်က စာတွေ့တွေလိုဖြစ်နေပင်မယ့် David Ogilvy တို့လို Professional တော်တော်များများကတော့ Media ဆိုတာကို Opportunity လို့ သတ်မှတ်ထားတာတွေ့ရတယ်. Media တိုင်းကို Opportunity လို့ သတ်မှတ်နိုင်တယ်လို့လည်း ဆိုထားပါသေးတယ်. Media နဲ့ Opportunity ကိုတွဲမမြင်ဖူးတော့ ဘာလို့သတ်မှတ်လဲလို့ နားလည်ရခက်သွားတယ်. ဒါပင်မယ့် ဆိုလိုချင်တာက Media တစ်ခုရှိလာရင် အဲ့ဒီ Media ပေါ်ကနေတစ်ဆင့် ရောက်နိုင်တဲ့လူတွေကို maximize လုပ်ပြီးပို့လွှတ်ဖို့အတွက် Media ကို အခွင့်အရေးအနေနဲ့ အသုံးချကြတယ်. ဒါကြောင့် Media ကို Opportunity အနေနဲ့...