Media ဆိုတာဘာလဲ?

 



Media ဆိုတာဘာလဲ?

ဒီကာလကြီးမှာ စိတ်ဓာတ်မကျအောင်ဘာလုပ်သင့်လဲဆိုရင်တော့ လူတွေနဲ့စကားများများပြောပြီး စာဖတ်တာက အကောင်းဆုံးပါပဲ. အဓိကကတော့ တစ်ယောက်မနေသင့်တဲ့အချိန်ကာလတစ်ခုပါ.


Wiki နဲ့ website တစ်ချို့မှာ စာလေးတွေလိုက်ဖတ်ရင်း နားလည်သလိုလေး ပြန်ရေးထားတာပါရှင်.


အရင်ကတော့ Media ဆိုတာကို "ပေးချင်တဲ့သူရဲ့ Message ကို ရောက်ချင်တဲ့သူထံပို့တဲ့ ကြားခံတစ်ခုလို့" လို့သင်ခဲ့ဖူးတယ်. ဒါပင်မယ့် Media  က ထိုက်ထင်ခဲ့သိခဲ့တာတွေထက် ပိုပြီးလေးနက်နေခဲ့တယ်. 


Wiki မှာရေးထားတာ အဓိပ္ပာယ်ဖွင့်ဆိုချက်က စာတွေ့တွေလိုဖြစ်နေပင်မယ့် David Ogilvy တို့လို Professional တော်တော်များများကတော့ Media ဆိုတာကို Opportunity လို့ သတ်မှတ်ထားတာတွေ့ရတယ်.  Media တိုင်းကို Opportunity လို့ သတ်မှတ်နိုင်တယ်လို့လည်း ဆိုထားပါသေးတယ်. Media နဲ့ Opportunity ကိုတွဲမမြင်ဖူးတော့ ဘာလို့သတ်မှတ်လဲလို့ နားလည်ရခက်သွားတယ်.


ဒါပင်မယ့် ဆိုလိုချင်တာက  Media တစ်ခုရှိလာရင် အဲ့ဒီ Media ပေါ်ကနေတစ်ဆင့် ရောက်နိုင်တဲ့လူတွေကို maximize လုပ်ပြီးပို့လွှတ်ဖို့အတွက် Media ကို အခွင့်အရေးအနေနဲ့ အသုံးချကြတယ်. ဒါကြောင့် Media ကို Opportunity အနေနဲ့သတ်မှတ်ကြတာဖြစ်တယ်. 


လွယ်လွယ်ပြောရရင်တော့ ကိုယ်ပေးချင်တဲ့အကြောင်းအရာ မတ်ဆေ့တွေကို ကိုယ်ပေးချင်တဲ့လူဆီရောက်နိုင်လို့ အခွင့်အရေးတစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့သဘောပါ.


ဒါကြောင့် လုပ်ငန်းတော်တော်များများမှာ လူကိုယ်တိုင် F2F ဈေးရောင်းတာ ရှင်းပြတာထက် Media ကနေတစ်ဆင့် ကြေညာတာတွေကိုလုပ်လာကြတာပဲဖြစ်ပါတယ်. Media ကနေတစ်ဆင့်ကြေညာတာက လူများများဆီကို အကြိမ်ကြိမ်အရေအတွက် များများရောက်နိုင်သလို ကိုယ့်ရဲ့ Audience အစစ်အမှန်ဆီကို မရောက်ခဲ့ဘူးဆိုရင်တော့မှ ကိုယ့်ရဲ့ Brand၊ လုပ်ငန်းကို လူတွေမြင်ဖူးတယ်၊ ကြားဖူးတယ်၊ တွေ့လိုက်တယ်ဆိုတဲ့ Brand Awareness ကိုတော့ဖြစ်စေမှာအမှန်ပါပဲ. 


Media ထဲမှာ ဘာတွေပါလဲဆိုရင်တော့ ထိုက်နားလည်တာကတော့ ရပ်ကွက်ထဲကအတင်းပြောတဲ့အန်တီကြီး ကနေ မျက်လုံးနဲ့မြင်တိုင်း၊ နားနဲ့ကြားနိုင်သမျှနေရာတွေအားလုံးပါတယ်ထင်ပါတယ်. 


ထိုက်သိသလောက် နားလည်သလောက်လေး ပြန်လည်မျှဝေပေးတာပါ. အမှားပါခဲ့ရင် အကြံပြုချက်လေးရယူလိုပါတယ်ရှင်.

Htike


Comments

Popular posts from this blog

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း