Posts

Showing posts from August, 2021

ဆက်ရန်ရှိသေးတဲ့ Marketing သမိုင်း

Image
ဆက်ရန်ရှိသေးတဲ့ Marketing သမိုင်း ( 1.0, 2.0, 3.0, 4.0) ကျောင်းမတက်ခင်တုန်းက Marketing အကြောင်း စာအုပ်တွေဖတ်ဖြစ်တော့ Philip Kotler ရဲ့ Digital Marketing 4.0 ဆိုတဲ့စာအုပ်ကို စဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်ကိုမြင်တော့ 4.0က ဘာလဲလို့စဉ်းစားမိပြီး အင်တာနက်မှာ စာတွေလိုက်ရှာဖတ်ရင်း Marketing အဆင့်ဆင့်ပြောင်းလဲလာခဲ့တာကို သိရှိခဲ့ရပါတယ်။ Marketing 1.0  ဒီအဆင့်တုန်းက စာသုံးသူတွေကို လိုအပ်ချက်က အဓိကမကျခဲ့ပါဘူး။ ခုခေတ်လို "Customer is always right" မဟုတ်သေးဘူးပေါ့။ ကိုယ်ထုတ်လိုက်တဲ့ပစ္စည်းသာ quality အသင့်အတင့်ကောင်းပြီး ဈေးတန်တယ်ဆို ထုတ်သမျှပစ္စည်းအကုန်ရောင်းကုန်ခဲ့ကြပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းကိုသာ များများထုတ်ခဲ့ကြပါတယ်။ ဒီခေတ်မှာ လူတိုင်းအတွက် ပြောစမှတ်တွင်ခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ ဝယ်လိုအားများပြီး ကုန်ပစ္စည်းများများထုတ်ဖို့သာ ဦးတည်ခဲ့တာကြောင့် Ford ကားကုမ္မဏီ T model ထုတ်တုန်းက "You can have it any color you want, as long as it is black" လို့တောင်ဆိုခဲ့ပါသေးတယ်။ Marketing 2.0 ဒီအဆင့်မှာတော့ Customer တွေ ရွေးချယ်တဲ့ခေတ်ကို ရောက်လာခဲ့ပါတယ်။ ထုတ်ကုန်များများထုတ်လည်း ပစ္စည်းကုန်အ...