ဆက်ရန်ရှိသေးတဲ့ Marketing သမိုင်း




ဆက်ရန်ရှိသေးတဲ့ Marketing သမိုင်း ( 1.0, 2.0, 3.0, 4.0)


ကျောင်းမတက်ခင်တုန်းက Marketing အကြောင်း စာအုပ်တွေဖတ်ဖြစ်တော့ Philip Kotler ရဲ့ Digital Marketing 4.0 ဆိုတဲ့စာအုပ်ကို စဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်ကိုမြင်တော့ 4.0က ဘာလဲလို့စဉ်းစားမိပြီး အင်တာနက်မှာ စာတွေလိုက်ရှာဖတ်ရင်း Marketing အဆင့်ဆင့်ပြောင်းလဲလာခဲ့တာကို သိရှိခဲ့ရပါတယ်။


Marketing 1.0 

ဒီအဆင့်တုန်းက စာသုံးသူတွေကို လိုအပ်ချက်က အဓိကမကျခဲ့ပါဘူး။ ခုခေတ်လို "Customer is always right" မဟုတ်သေးဘူးပေါ့။ ကိုယ်ထုတ်လိုက်တဲ့ပစ္စည်းသာ quality အသင့်အတင့်ကောင်းပြီး ဈေးတန်တယ်ဆို ထုတ်သမျှပစ္စည်းအကုန်ရောင်းကုန်ခဲ့ကြပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းကိုသာ များများထုတ်ခဲ့ကြပါတယ်။ ဒီခေတ်မှာ လူတိုင်းအတွက် ပြောစမှတ်တွင်ခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ ဝယ်လိုအားများပြီး ကုန်ပစ္စည်းများများထုတ်ဖို့သာ ဦးတည်ခဲ့တာကြောင့် Ford ကားကုမ္မဏီ T model ထုတ်တုန်းက "You can have it any color you want, as long as it is black" လို့တောင်ဆိုခဲ့ပါသေးတယ်။


Marketing 2.0

ဒီအဆင့်မှာတော့ Customer တွေ ရွေးချယ်တဲ့ခေတ်ကို ရောက်လာခဲ့ပါတယ်။ ထုတ်ကုန်များများထုတ်လည်း ပစ္စည်းကုန်အောင် 1.0မှာရောင်းချခဲ့ရတော့ ဈေးကွက်ထဲမှာ ရောင်းကုန်တွေပေါများလာတာကြောင့် Customer တွေ ပြန်လည်ရွေးချယ်တဲ့ 2.0 ခေတ်ကို ရောက်လာခဲ့ပါတယ်။ Company တွေက စားသုံးသူအကြိုက်၊ လိုအပ်ချက်ကို အဓိက ထားပြီး ကုန်ပစ္စည်း ထုတ်လုပ်လာကြပါတယ်။ ဥပမာပြောရရင် Ford ကားကုမ္မဏီက အနက်ပဲထုတ်တဲ့ ကားမျိုးကို တစ်ခြားရောင်းသူတွေက Customer တွေအကြိုက် အရောင်တွေထုတ်လာပြီး အပြိုင်ရောင်းခဲ့ကြတဲ့ခေတ်မျိုးပါ။


Marketing 3.0

ဒီအဆင့်မှာတော့ Company + Customer + Community သုံးခုလုံး Win-Win-Win Situation တဲ့နည်းလမ်းကိုသုံးလာကြပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိလူသားတွေကို အလေးပေးလာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် ကုန်ပစ္စည်းများကိုထုတ်လုပ်မရောင်းချတဲ့ ခေတ်ကိုရောက်လာပါတယ်။ CSR( corporate social responsibility )ကို ဦးတည်ခဲ့တာကြောင့် Coca Cola ကမ္ဘာ့ဖလားဘောလုံးမြန်မာပြည်ကို ယူဆောင်လာပေးခဲ့သလို Telenor နဲ့ Samsung က ရွှေ့လျားကားတွေနဲ့ လက်ဖက်ရည်ဆိုင်က ကလေးတွေကိုစာလိုသင်ပေးခဲ့တာလုပ်ပြီး Marketing 3.0 ကို ကျင့်သုံးခဲ့ကြပါတယ်။


Marketing 4.0

ယနေ့ခေတ်နည်းပညာကတော့ Digital နည်းပညာနဲ့ Data အချက်အလက်တွေကို အဓိကထားတဲ့ မာကတ်တင်းပါ။ မာကတ်တင်းသမားတိုင်းရဲ့အသက်က Customer informationပါပဲ။ ဒီအချက်အလက်တွေကနေ Content တွေ ဖန်တီးကြတယ်၊ Digital နည်းပညာနဲ့နေရာစုံမှာ ကြော်ငြာလာကြပါတယ်။ ဒီနည်းလမ်းက စားသုံးသူနဲ့ ရောင်းသူကြားမှာ ဈေးရောင်းတာထက်ပိုတဲ့ ရင်းနှီးမှုတွေကိုရရှိစေပါတယ်။


ဒါကြောင့် ပြောင်းလဲလာတဲ့ Marketing အဆင့်တွေနဲ့အညီ ကိုယ်ရဲ့ထုတ်ကုန်တွေကို ကြော်ငြာဖို့လိုပါတယ်။ ယနေ့ခေတ် Marketing အရဆို ကုန်ပစ္စည်းတစ်ခုထုတ်တော့မယ်ဆို ကိုယ့်ထုတ်ကုန်ကို Customer information အလွယ်တကူရှာနိုင်တဲ့ Social Media Page တွေ၊ Website တွေရှိရမယ်။ အမြဲ ကိုယ့်ထုတ်ကုန်အတွက် information ပေးရမယ်၊ customer service ကောင်းရမယ်စတာတွေနဲ့ Customerနဲ့ရင်းနှီးမှုတည်ဆောက်ရပါမယ်။


ဆက်ရန်ရှိသေးတဲ့ Marketing အစဉ်အလာကကော ဘာတွေဆက်ဖြစ်ဦးမှာလဲ။


Htike

Comments

Popular posts from this blog

Media ဆိုတာဘာလဲ?

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း