Posts

Showing posts from December, 2023

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

Image
  👉 ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ? (ကိုယ်ကြုံရသလောက် ပြောပြတာပါ) အလုပ်လုပ်ဖို့ဘယ်လိုလာရလဲ? ထိုင်းမှာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး နှစ်မျိုးရှိပါတယ်. White Collar & Blue Collar ပါ. White Collar ဆိုတာက ဘွဲ့ရ အသက်မွေးကြောင်းတစ်ခုခုနဲ့ လုံလောက်တဲ့ Experience ရှိပြီး ရုံးအလုပ်လုပ်ရတဲ့ အလုပ်မျိုးကိုခေါ်တာပါ. လစာအေနနဲ့ ၁၈၀၀၀ လောက်ကနေစရနိုင်ပါတယ် (Depend on you). Blue Collar ဆိုတာက စက်ရုံ အလုပ်ရုံအလုပ်တွေကိုခေါ်တာပါ. 👉White Collar နဲ့လာဖို့ဘာလိုလဲ? - ဘွဲ့ ဒါမှမဟုတ် Diploma - တကယ်လုပ်တတ်တယ်, လုပ်နိုင်တယ်လို့ထင်တဲ့ Experenice ရှိပြီး အလုပ်အကိုင် (Position) - English Communication Skill - Thai Language (မတတ်လည်း အလုပ်ရနိုင်) - သည်းခံနိုင်စိတ် - ကြံ့ခိုင်တဲ့စိတ် - အလုပ်ရမှဖြစ်မယ်ဆိုတဲ့စိတ် - ဘယ်သူမှအားမကိုးလိုစိတ် 👉Visa Visa က အရင်ဆုံးအလုပ်ရှာဖို့ TR visa လုပ်ပါ. အလုပ်ရမှ အလုပ်က Long stay visa တစ်ခုခုပေးသလို ညှိနှိုင်းရတာတွေလည်း ရှိနိုင်ပါတယ်. TR visa (Tourist Visa - 2 months + 1 month extend) ဘယ်လိုလျှောက်ရလဲ? သံရုံးသွား (ကိုယ်ဟာကိုယ်လျှောက်ရင် ဒါပင်မယ့် agency အပ်ရင် ၅ သောင်းပဲကုန်တယ်,...