E-Commerce Business Model (B2B, B2C, B2G, C2B, C2C, G2B, G2C, G2G)
ဒီအကြောင်းကို မနှစ်ကသိထားတာနဲ့ ထပ်ပြီးသိထားတာလေးတွေကို ပြန်လည်ပေါင်းဖတ်ရေးသားလိုက်ပါတယ်။ မှားသွားရင် ပြင်ပေးပါ။✌️ B2B, B2C, B2G, C2B, C2C, G2B, G2C, G2G B2B (Business to Business ) B2B ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကနေ နောက်တစ်ခုကို ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုရောင်းချတဲ့ လုပ်ငန်းကိုခေါ်တာဖြစ်ပါတယ်။ POS Serviceတို့လိုမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ B2C (Business to Customer ) B2C ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကနေ စားသုံးသူထံကို တိုက်ရိုက်ရောင်းချ၊ service ပေးတဲ့ လုပ်ငန်းကိုခေါ်တာဖြစ်ပါတယ်။ City Mart တို့လိုမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ B2G (Business to Government ) B2G ဆိုတာကတော့ နိုင်ငံအစိုးရပိုင်လုပ်ငန်းတွေအတွက် ဝန်ဆောင်မှုပေးတာ၊ ကုန်ပစ္စည်းရောင်းချပေးတဲ့ လုပ်ငန်းကိုခေါ်တာဖြစ်ပါတယ်။ C2B (Consumer to Business ) C2B ဆိုတာကတော့ သုံးစွဲသူတို့က သူတို့လိုချင်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေအတွက် ကြားခံ Bussinessတစ်ခုကို သုံးစွဲတာကိုခေါ်တာဖြစ်ပါတယ်။ C2C ( Customer to Customer ) C2C ဆိုတာကတော့ Customer အချင်းချင်း ပစ္စည်းရှိတဲ့သူက ကြားခံ App, website တစ်ခုခု...