စီးပွားရေးလုပ်နေတဲ့သူတိုင်းအတွက် Growth Share Matrix


ဒီဇယားလေးက ကိုယ့်ကproduct တွေအများကြီးထုတ်ထားတယ်၊ မြတ်လို့ပဲဖြစ်ဖြစ် ရှုံးလို့ပဲဖြစ်ဖြစ် ဘယ်ပစ္စည်း ဘယ်product ကရှုံးလဲ မြတ်လဲ သိချင်ရင်တော့ ဒါလေးလုပ်ကြည့်တာ တကယ်အကျိုးရှိတယ်နော်။ ကိုယ်က product (၃)မျိုးထုတ်ထားတယ်ဆိုပါတော့ အားလုံးပေါင်းကြည့်လိုက်ရင်တော့ ၁၀၀၀မြတ်နေတယ်ပဲထား၊ ဒါက ကုန်ပစ္စည်းတိုင်းမြတ်နေတယ် ပြောလို့မရပါဘူး တစ်မျိုးက ၁၄၀၀ မြတ်ပြီး နောက်နှစ်မျိုးက ၄၀၀ ရှုံးနေတာလဲဖြစ်နေနိုင်ပါတယ်။ ဒီလိုလုပ်တာကနေ ဘယ်ပစ္စည်းကိုဆက်ထုတ်သင့်တယ်၊ ဘယ်ပစ္စည်းကို မထုတ်သင့်တော့ဘူးဆိုတာလည်း သိနိုင်မယ်။
ဒါကြောင့် ဘယ်ပစ္စည်းက ရှုံးပြီး ဘယ်ပစ္စည်း မြတ်လည်း သိနိုင်ဖို့ ဒီဇယားလေးလုပ်ပြီး Analysis လုပ်ကြည့်ရအောင်။

ဒီဇယားကို လုပ်ဖို့အတွက် ပစ္စည်းတွေရဲ့ရောင်းအားတွေကို သိဖို့တော့လိုပါတယ်။ ဒါမှမဟုတ် serviceတွေနဲ့တခြားအရာတွေဆိုရင်တော့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာတွေ စဉ်းစားပြီးထည့်သင့်ပါတယ်။

ဇယားအပိုင်းလေးပိုင်းရှိပါတယ်။


Star
Market ကလည်း Growth ဖြစ်လာသလို၊ Market Share အများဆုံးလည်းရထားတဲ့အခြေအနေပါ။ ဒီအခြေအနေမှာ ကိုယ့်ရဲ့ပစ္စည်းက အောင်မြင်နေတဲ့အချိန်ရောက်နေပါပြီ။ ဒါပင်မယ့်  နောက်ထပ်ငွေစိုက်ထုတ်မှုတွေ၊ တီထွင်မှုတွေကိုလည်း အဆက်မပြတ်လုပ်ပေးနေဖို့လိုပါတယ်။ မလုပ်ဘူးဆိုရင်တော့ ပြိုင်ဖတ်က ကိုယ့်ကို ကျော်တက်သွားမှာပါ။ အောင်မြင်နေသလိုများ  စိုက်ထုတ်ဖို့လိုသေးပင်မယ့် အခြေအနေကောင်းတဲ့နေရာကိုတော့ ရောက်နေပါပြီ။

Question Mark
ဒီအခြေအနေမှာက Marketက ကြီးနေပင်မယ့် ကိုယ့်က ပြိုင်ဖက်တွေထက် ရောင်းအားနည်းနေတဲ့အချိန်ပါ။ ဒီတော့ ကိုယ့်ပစ္စည်းရဲ့ riskကို ရှာသင့်ပါတယ်။ Product Quality လား၊ marketing လား၊ Service လား စသည်ဖြင့် လိုအပ်ချက်တွေရှိနိုင်ပါတယ်။

Cash Cow
ဒီအခြေအနေကတော့ Market ကြီးရင်ကြီးသလောက် ကိုယ့်ပစ္စည်းရဲ့ဈေးကွက်ကလည်း Market Share ရနေတဲ့အခြေအနေပါ။ ဒီပစ္စည်းကနေ ကိုယ့်ရဲ့အမြတ်ငွေတွေကို အဓိကရှာပေးနေတာပါ။ ဒါကြောင့် ဒီငွေတွေနဲ့ တခြားအခြေအနေတွေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနိုင်ပါတယ်။

Dog
ဒီအခြေအနေမှာတော့ Market growth ကလည်းကျလာသလို Market Share ကလည်း ကျနေပြီး ဒါမှမဟုတ် တိုးတက်စရာမရှိတဲ့အကြောင်းအနေမျိုးကိုဆိုလိုတာပါ။ ဒီလိုပစ္စည်းမျိုးကို အပြတ်လည်းရောင်းသင့်သလို။ ကိုယ်က printer ရောင်းတယ်ပဲဆိုပါတော့ ကိုယ့်ထုတ်တဲ့မော်ဒယ်တစ်ခုက လွန်ခဲ့တဲ့(၄)နှစ်ကပါ ဒါပင်မယ့် ဒီစက်ထဲကိုထည့်တဲ့ မှင်ရည်က dog ဖြစ်ကောင်းဖြစ်နေတတ်ပါတယ်။ ဒါပင်မယ့် Market ထဲမှာ ကိုယ့် printer ကရှိသေးတော့ ခုချိန်မှဝယ်လိုက်တဲ့သူက ဒီမှင်ရည်က လိုအပ်နေဆဲပါ။ ဒါကို ကိုယ့်ဘက်က dogဖြစ်နေလို့ ဒီမှင်ရည်ကို ဆက်မထုတ်တော့ဘူးဆိုရင်တော့ ဒီပစ္စည်းက မှင်ရှားတယ်၊ ပစ္စည်းရှားတယ် စသည်ဖြင့် ကိုယ့်ပစ္စည်းရဲ့ image ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် တစ်ချို့ပစ္စည်းတွေက related business ဖြစ်မဖြစ် စဉ်းစားဖို့ လိုအပ်ပါတယ်။ Financial အရ တွက်ခြေမကိုက်ပေမယ့် Non financial အရ ဆက်လုပ်ရမယ့် အလုပ်တွေရှိတတ်ပါတယ်။

ဥပမာတစ်ခုလေးတွက်ပြချင်ပါတယ်။ ဒါကတော့
ကိုယ်က A product ထုတ်တယ်ဆိုပါတော့။ ကိုယ့်A လိုပဲ ဈေးကွက်ထဲမှာ A1 A2ရှိတယ်ဆိုပါတော့။ ရောင်းရနှုန်းက

A - (200)       0.2x
A1 - (1000)      1x
B1 - (100)      0.1x
ဒီလိုတွက်ပြီး။ ကိုယ်ရဲ့ အကြီးဆုံးပြိုင်ဘက်နဲ့ ယှဉ်ရမှာဖြစ်ပါတယ်။ ဒီတော့ကိုယ့်ရဲ့product Aက 0.2ပါ။

ပုံထဲကအတိုင်းဆို ကိုယ့်ရဲ့product A က Question Mask ရဲ့ Energan ရဲ့နောက်နားလိုနေရာမှာထားပြီး ဆွဲပေးရမှာပါ။

ကိုယ့်ပစ္စည်းဆက်ထုတ်သင့်၊ မထုတ်သင့်။ လိုအပ်တာတွေကို သိနိုင်တာတဲ့ ဇယားဖြစ်ပါတယ်။ နောက်ပြီး ပစ္စည်းမှ မဟုတ်ပါဘူး၊ ကိုယ့်ပေးတဲ့ Serviceတွေ၊ Digital Marketing မှာဆို content အမျိုးအစားတွေခွဲပြီး ဆွဲနိုင်ပါသေးတယ်ရှင်။

ထိုက်ကြည့်ဖူးတဲ့တွက်နည်းအရှင်းဆုံးလေးကို ဒီမှာလေ့လာဖူးပါတယ်.
YouTube Link: https://www.youtube.com/watch?v=vNoI3yOE-os

Comments

Popular posts from this blog

Media ဆိုတာဘာလဲ?

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း