Marketing Plan ဘယ်လိုဆွဲကြမလဲ...... အပိုင်း (၂)

Marketing Plan ဘယ်လိုဆွဲကြမလဲ...... အပိုင်း (၂)


မနှစ်က Strategy First Marketing Management တက်ရင်း Marketing Plan ပြိုင်တုန်းက ဆုရခဲ့တုန်းကရေးခဲ့တဲ့အတွေ့အကြုံလေး တင်ပြပေးချင်ပါတယ်.
*ကျောင်းသားအချင်းချင်း လေ့လာရအဆင်ပြေအောင် သိသမျှပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်.
(Just for Sharing)

ညီမဆွဲတဲ့ Format လေးပါ.





SWOT
ဒါတွေကို ဇယားလေးနဲ့ပြတာပိုအဆင်ပြေပါတယ်. ဒါဆိုကြည့်လိုက်တာနဲ့ ဘယ်ဟာကဘယ်လိုဆိုတာကိုယှဉ်ပြီးကြည့်လို့ရတာကြောင့် plan impression ကိုပိုကောင်းစေပါတယ်.

Strength
- ဒီမှာဘာတွေထည့်သင့်လဲဆိုတော့ ကိုယ်ကိုသူများတွေထက်ပိုပြီး ပေးနိုင်တဲ့ထင်တာတွေအကုန်ထည့်ပါ. အတူတူဖြစ်နေတောင် မတူတဲ့ရှုထောင့်ကနေစဉ်းစားပေးပြီးထည့်ပေးပါ.

Weakness
- ခေါင်းစဉ်ကိုမြင်ပြီး ငါအလုပ်ကအကုန်အကြောင်းဆိုပြီးမထည့်ဘဲမနေလိုက်ပါနဲ့. မပါပါအောင်ထည့်ပါ. Weakness ဆိုတာလုပ်ငန်းတိုင်းမှာရှိပါတယ်. မသိချင်ယောင်ဆောင်နေလို့မရပါဘူး.

Opportunity
- ဒါကတော့လက်ရှိဈေးကွက်မှာ ဘယ်ပစ္စည်းတွေကဘယ်လိုရှိတယ်၊ ဘယ်နိုင်ငံကဝင်နေတာလဲရှိတယ်. ဒါပင်မယ့်သုံးစွဲသူတွေရဲ့ Behavior တွေဘယ်လိုတွေရှိလို့၊ တိုင်းပြည်အခြေအနေတွေဘယ်လိုရှိနေလို့၊ နိုင်ငံရေးအခြေအနေကြောင့် ကိုယ်လုပ်ငန်းကို ဘယ်လိုအခွင့်အရေးတွေဖြစ်နေတယ်ဆိုတာမျိုးထည့်ရေးပေးသင့်ပါတယ်.

Threats
- ဒါကကိုယ်နဲ့အပြိုင်ဈေးကွက်ထဲမှာဘယ်လိုပစ္စည်းတွေရှိတာကြောင့် ကိုယ့်ပစ္စည်းကိုခြိမ်းခြောက်မှုတွေဖြစ်လာနိုင်တယ်ဆိုတာရေးပေးပါ.
တစ်ချို့ပစ္စည်းတွေက ရောင်းအားမကောင်းပင်မယ့် ကုန်ကြမ်းမလုံလောက်တာမျိုးတွေကလည်း ခြိမ်းခြောက်တာတွေဖြစ်လာနိုင်ပါတယ်.

Objective (Sales, Marketing, Communication).
- ဒါကတော့ ဘယ်လိုနေရာတွေမှာ ဘယ်သူတွေကိုရောင်းချလို့ Store တွေထားမယ်. ဘယ်သူတွေကိုရောင်းချလို့ ဘယ်နေရာတွေမှာ ကြော်ငြာမယ်. ပြီးရင် ကိုယ့်ပစ္စည်းတွေကိုလူတွေအလွယ်တကူဝယ်လို့ရအောင် ဘယ်လိုနေရာတွေမှာဆိုင်ခွဲတွေ လက်ကားတွေထားမယ်ဆိုတာရေးပေးသင့်ပါတယ်.

Target Segment
- ဒါကတော့အသက်ပါ. ကိုယ့်ပစ္စည်းက ဘယ်သူတွေ၊ ဘယ်အသက်အရွယ်၊ ဘယ်လိုအလုပ်အကိုင်လုပ်နေတဲ့သူ၊ ဝင်ငွေဘယ်လောက်ရှိတဲ့သူတွေကိုရောင်းချင်တယ်ဆိုရင် ကိုယ်တိုင်ကလည်းသိဖို့လိုသလို၊ Plan မှာလည်းသေချာထည့်ဆွဲဖို့လိုပါတယ်.

Positioning
- ဒါကတော့ ကိုယ့်ပစ္စည်းအကြောင်းကိုရေးပါ. ဘာနဲ့ထုတ်ထားတယ်. ဘယ်လိုအရည်အသွေးစသည်ဖြင့်......

Brand Essence & Identity Elements
- ဒီမှာ ကိုယ့်ပစ္စည်းရဲ့ Unique ဖြစ်တဲ့အကြောင်းတွေထည့်ရေးပါ.

7P (Plan တစ်ခုလုံးရဲ့အသက်ပါ)
Product / Service
- ဘာပစ္စည်းထုတ်ထားတယ်. ဘယ်ဟာတွေနဲ့သုံးပြီးထုတ်ထားတယ်. Service လုပ်ငန်းဆိုလည်း အာ့ Service ကို Product အနေနဲ့ရေးပေးရမှာပါ.
- Service ကိုရေးမယ်ဆိုရင်တော့ ကိုယ့်ပစ္စည်းကဘယ်လို serve လုပ်ပေးတယ်. Service လုပ်ငန်းဆိုရင်လည်း အာ့ Service ကဘာတွေဘယ်လိုဝန်ဆောင်ပေးတယ်ဆိုတာမျိုး ထည့်ရေးပေးရပါမယ်.

Price
- ကိုယ်ထုတ်ထားတဲ့အမျိုးအစား၊ ဝန်ဆောင်မှုတွေကို ဈေးနှုန်းကိုသေချာရေးပေးပါ.

Place
- ဒါကတော့ ဘယ်နေရာမှာ ရုံး၊ ပစ္စည်းရောင်းတဲ့နေရာကို ဘယ်နေရာမှာဖွင့်မယ်ဆိုတာထည့်ပေးရပါမယ်. အာ့နေရာက လူတွေအသွားအလာများလို့၊ သွားရလာရလွယ်လို့ဆိုတာမျိုးပါထည့်ရေးပေးသင့်ပါတယ်.

Promotion
- ဒါက တစ်နှစ်စာ (၁၂လ) ဆွဲပေးဖို့လိုပါတယ်. promotion က အမျိုးအစားတွေများတော့ ကိုယ့်ပစ္စည်းနဲ့လိုက်ဖတ်တဲ့ လုပ်လို့ရတဲ့ promotion အမျိုးအစားတွေကို suggestionအနေနဲ့ထည့်ပြီး ရေးပေးပါ.
ထိုက်တုန်းကတော့ ဇယားလေးနဲ့ လုပ်ထားပါတယ်. နမူနာလေးပြပေးထားပါတယ်.



People
- ဒီနေရာမှာတော့ (၂)မျိုးထည့်ပေးပါ.
- ကိုယ့်ပစ္စည်းကို လူတွေယုံကြည်အောင် ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ဘယ်လိုလူတွေကိုခန့်မယ်ဆိုတာမျိုး.
- နောက်တစ်ခုက ဒီပစ္စည်းတွေရောင်းချပေးတဲ့လူတွေကို ဘယ်လိုခန့်ထားပြီး အခွင့်အရေးဘယ်လိုတွေပေးမယ်ဆိုတာမျိုးထည့်ပေးပါ.

Process
- ဒီမှာတော့ ကိုယ်တိုင်ထုတ်မှာလား၊ Supplier ဆီကနေယူမှာလား ဒါတွေရေးပါ.
- Store တွေကိုလည်း အဆင့်ဆင့်ဘယ်လိုထည့်မယ်.
- ပစ္စည်းထုတ်တာကနေ Customer လက်ထဲဘယ်လိုထည့်မလဲဆိုတာထည့်ရေးပေးရပါမယ်.

Physical Evidence
- ထိုက်ကတော့ပုံလေးတွေထည့်ထားပေးလိုက်ပါတယ်. ဘယ်လိုမျိုးလည်းဆိုတော့ ဝယ်သူတွေ၊ လက်ကားယူတဲ့သူတွေကို ဆွဲဆောင်မှုရှိစေတဲ့ ရုံးအပြင်အဆင်၊ ဝန်ထမ်းအဝတ်အစား၊ ကိုယ့်ထုတ်ပစ္စည်း Packaging တွေထည့်ရေးပေးပါ.
- ဒီအချက်က တကယ်တော့ ကိုယ့်လုပ်ငန်းကို ဆွဲဆောင်မှုရှိရုံ၊ ကိုယ့်ပစ္စည်းတွေကို ဝယ်ချင်လာရုံသာမက ကိုယ့်ရုံးကဝန်ထမ်းတွေကိုလည်း အလုပ်လုပ်ချင်စိတ်၊ အလုပ်ကိုချစ်တဲ့စိတ်စသည်ဖြင့် internal Marketing ကိုလည်းဖြစ်စေပါတယ်.

ဒီနေ့တော့ ဒုတိယပိုင်းကို ဒီလောက်ပဲရေးပါမယ်ရှင်. ညီမလည်းစာလုပ်စရာလေးတွေရှိလို့ အပိုင်း(၃) ကို နောက်နေ့ဆက်လက်တင်ပြပေးသွားပါမယ်ရှင်. ကျေးဇူးတင်ပါတယ်ရှင်.

အပိုင်း (၁) ကိုဖတ်ချင်တယ်ဆိုရင်တော့
https://htike1998.blogspot.com/2020/03/marketing-plan.html
မှာ ဖတ်ရှုနိုင်ပါတယ်ရှင်.

Htike
hhtike573@gmail.com

Comments

Popular posts from this blog

Media ဆိုတာဘာလဲ?

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

ထိုင်းနိုင်ငံရဲ့ "𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐓𝐞𝐫𝐦 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" အကြောင်း