Customer တွေ ကိုယ့်ဆီရောက်မလာခင် ဘာတွေစဥ်းစားတတ်ကြလဲ / Customer Decision-Making Process (Buying process)

 

Customer Decision-Making Process (buying process)

ဒီအကြောင်း Marketing နဲ့ပတ်သက်တဲ့ကျောင်းတက်နေရင်း
“ကိုယ်ကပဲရောင်းဖို့တွေးမနေနဲ့ ဝယ်သူနေရာကနေ ဘာလို့ ဘာကြောင့် ဝယ်ရမှာလဲဆိုတာ ပြန်တွေးဖို့လိုတယ်” ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး သင်ခဲ့ရတဲ့အကြောင်းကို နားလည်သလို စာပြန်ရေးထားတာပါ.

ကိုယ့်ဆီကိုရောက်လာတဲ့ customer တွေက ဒီအချက်တွေဖြတ်ပြီးမှ ရောက်လာကြတဲ့သူတွေပါ။
Customer ပစ္စည်းတစ်ခုကိုဝယ်ဖို့ စဉ်းစားပုံ စဉ်းစားနည်း(၅)နည်းရှိပါတယ်။ ဒီနည်းတွေကတော့
(1) Need recognition
(2) Information search
(3) Evaluation of alternatives
(4) Purchase decision
(5) Post-purchase behavior

ကိုယ်ထုတ်တဲ့ပစ္စည်းလိုမျိုးကို လိုချင်ပင်မယ့် ကိုယ်ပစ္စည်းကို မဝယ်ဘဲ တခြားပစ္စည်းဝယ်သွားတယ်ဆို သေချာပါတယ်၊ ဒီ customerက Need recognition မှာ ကိုယ့်ကုန်ပစ္စည်းလိုမျိုးလိုချင်ပင်မယ့် သူတို့ရဲ့ Information search လုပ်တဲ့အခါ ကိုယ်ပစ္စည်းရဲ့လိုအပ်ချက်ကို တွေ့ရှိသွားတာ ဒါမှမဟုတ် ကိုယ်ထက်သာထက်ပစ္စည်းကို တွေ့သွားတာကြောင့်ပါ။
ဒီတော့ ကိုယ်တိုင် customer ဘက်ကနေပြီး ဒီနည်းလမ်း(၅)လမ်းကိုဖြတ်ကျော်ထားမယ်ဆိုရင် လိုအပ်ချက်တွေကို ကြိုပြီးပြင်ဆင်လို့ရတာပေါ့။

(1) Need recognition
ဒီအဆင့်ကတော့ customer တွေ သူတို့ဘာလိုတယ်ဆိုတာ သိတဲ့အဆင့်ပါ။ ဒီအဆင့်မှာ customer တွေဟာ သူတို့ဘာကြောင့်လိုတာ၊ ဘာဖြစ်လို့လိုချင်တာ၊ ဘယ်အမျိုးအစားကိုလိုချင်တာ စတဲ့အချက်တွေရှိပြီးသားပါ။
ဥပမာ- ဝက်ခြံပေါက်လို့ ဝက်ခြံပျောက်ဆေးဝယ်တော့မယ်ပဲဆိုပါတော့ ဒါဆိုသူရဲ့ လိုလားချက်(Need) ဝက်ခြံပျောက်ဆေးပါ။

(2) Information search
ဒီအဆင့်မှာတော့ သူတို့လိုချင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး information တွေရှာကြတော့မှာပါ။ မိတ်ဆွေအချင်းချင်းမေးမယ်၊ online မှာတက်ရှာမယ်၊ သတင်းစာတွေဖတ်မယ်၊ အရင်ဝယ်ဖူးတဲ့သူတွေကိုမေးမယ် စတဲ့လုပ်ငန်းတွေ လုပ်ကြပါလိမ့်မယ်။
နောက်ပြီး ဒီလိုမလုပ်ဘဲ ဝက်ခြံပျောက်ဆေးဝယ်ရင်တောင် ဆေးဆိုင်က ဆေးရောင်းတဲ့သူကိုတော့ အနည်းဆုံးမေးမှာပါ။ ဒါက information search လုပ်တဲ့အဆင့်ပါ။
ဒီအဆင့်မှာ ကိုယ့်ပစ္စည်းကြော်ငြာကောင်း မကောင်းကောင်း၊ awareness ဘယ်လောက်ရှိ မရှိ သိနိုင်ပါတယ်။

(3) Evaluation of alternatives
ဒီအဆင့်ကတော့ ခုနသိထားသမျှ အချက်အလက်တွေကို ဝယ်သင့် မသင့်စဉ်းစားကြတဲ့အဆင့်ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဝက်ခြံပျောက်ဆေးပဲ ဝယ်နိုင်သလို၊ ဝက်ခြံပျောက်ရုံမက အမာရွတ်ပါ တစ်ခါတည်းပျောက်စေတဲ့ဆေးကိုလည်း ဝယ်တိုင်ပါတယ်
ဒါပင်မယ့် ဒီအချိန်မှာ တစ်ခြားလွှမ်းမိုးမှုတွေလည်းရှိနိုင်ပါတယ်။ ဘယ်လိုလဲဆိုတော့ ခုနရလာတဲ့အချက်ထဲကို သူတို့ရဲ့မသိစိတ်ထဲက ကြော်ငြာတွေလွှမ်းမိုးမှုတွေကလည်းရှိနိုင်တာကြောင့် ကြော်ငြာများ၊ လူပြောများတဲ့ပစ္စည်းကိုလည်း ရွေးချယ်တတ်ကြပါတယ်။

(4) Purchase decision
ဒီအဆင့်မှာတော့ သူတို့ဝယ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ဒီအခြေအနေမှာသာ promotion တွေ၊ တခြား discountတွေ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ စာသင်တုန်းက ဆရာကတစ်ခုပြောဖူးပါတယ်။
ဒါကတော့ ကားလာဝယ်တဲ့သူက ကားဝယ်ရင်း ကားပစ္စည်းအပိုတွေဝယ်ဖို့ ဝန်မလေးပါဘူး။ ဒါပင်မယ့် ကားဝယ်လို့ ကားဝယ်ပစ္စည်းဝယ်တဲ့အခါ ဘယ်လောက် discountပေးပါမယ်ဆိုတဲ့အရာကို ဒီအဆင့်မှာလုပ်လို့ရပါတယ်။
ဒါကြောင့် ဒီအဆင့်မှာသာ တခြားအစီအစဉ်လုပ်ထားမယ်ဆို ပစ္စည်းတစ်ခုလာဝယ်တဲ့သူက နှစ်ခု၊ သုံးခုဝယ်သွားနိုင်ပါတယ်။

(5) Post-purchase behavior
ဒီအဆင့်မှာတော့ customerတွေ ဝက်ခြံပျောက်ဆေးဝယ်တယ်ဆိုရင် ဝက်ခြံပျောက်သွားရင်တော့ စိတ်ကျေနပ်မှုရတာပေါ့၊ ဒါမှမဟုတ် ဝက်ခြံပျောက်ရုံတင်မက အမာရွတ်ပါအရှင်းဖြစ်သွားတယ်ဆိုရင်တော့ ပိုပြီးကျေနပ်သွားနိုင်ပါတယ်။ ဒီနောက်ဆုံးအဆင့်ကနေမှ customer တွေက return customer​ေတွဖြစ်လာနိုင်သလို၊ ကောင်းကြောင်း မကောင်းကြောင်းတွေကို ပြန်လည်မျှဝေတဲ့သူတွေလည်း ဖြစ်လာနိုင်ပါတယ်။

Htike.

16.12.21

Comments

Popular posts from this blog

ထိုင်းမှာအလုပ်ဘယ်လိုလျှောက်ရလဲ?

Media ဆိုတာဘာလဲ?

Marketing plan ဘယ်လိုဆွဲကြမလဲ.........အပိုင်း(၁)